back

မြဝတီမြို့ ပေါက်ကွဲမှုဖြစ်စဉ်တွင် ထိခိုက်သေဆုံးခဲ့ရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်

Jan 21 • 2:38 AM

breaking-news

မြန်မာ

ကရင်

cover

မြဝတီမြို့ ပေါက်ကွဲမှုဖြစ်စဉ်တွင် ထိခိုက်သေဆုံးခဲ့ရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်

ကရင်ပြည်နယ်၊ မြဝတီမြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ဇန်န...

ကရင်ပြည်နယ်၊ မြဝတီမြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ဇန်နဝါရီ ၁၈ ရက်တွင် အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ရသည့် ပြည်သူတစ်ဦးအတွက် ထောက်ပံ့ငွေကျပ် ၃ သိန်းနှင့် ဒဏ်ရာရရှိခဲ့သူ ၄ ဦးအတွက် တစ်ဦးလျှင် ၅ သောင်းကျပ်စီဖြင့် စုစုပေါင်း ငွေကျပ် ၅ သိန်းကို သက်ဆိုင်ရာ မိသားစုဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါဖြစ်စဉ်သည် ရွေးကောက်ပွဲ အပိုင်း (၁) မကျင်းပမီ ညပိုင်းအချိန်က အာရှလမ်းမကြီးပေါ်ရှိ ဆိုင်ခန်းများရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

17