back

မိမိဒေသ၊ မိမိပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ထိန်းသိမ်းရေး လုပ်ငန်းများကို ပြည်သူလူထုအနေဖြင့် ပါဝင်ဆောင်ရွက်လာရန်လိုဟု မွန်ဝန်ကြီးချုပ် ပြော

Jan 21 • 2:37 AM

breaking-news

မြန်မာ

မွန်

cover

မိမိဒေသ၊ မိမိပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ထိန်းသိမ်းရေး လုပ်ငန်းများကို ပြည်သူလူထုအနေဖြင့် ပါဝင်ဆောင်ရွက်လာရန်လိုဟု မွန်ဝန်ကြီးချုပ် ပြော

မိမိတို့ဒေသနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူလူထုအနေဖြင့် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လာရန် လိုအပ်ကြောင်...

မိမိတို့ဒေသနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူလူထုအနေဖြင့် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လာရန် လိုအပ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောကြားခဲ့ပါသည်။ ဇန်နဝါရီ ၂၀ ရက်နေ့က မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် "သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်ရေး" အပါအဝင် ကော်မတီသုံးရပ်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မွန်ပြည်နယ်ရှိ ကျောင်းများအနေဖြင့် ပြည်နယ်ဂုဏ်ဆောင်ရုံသာမက အမျိုးသားအဆင့်ဆုများအထိ ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ကျောင်းများ၏ အားသာချက်၊ အားနည်းချက်များကို ဝိုင်းဝန်းအကြံပြု ပြင်ဆင်ပေးကြရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

15