စင်ကာပူနိုင်ငံ၊ Westlite Mandai အလုပ်သမားအဆောင်အနီး၌ စက်ဘီးစီးလာစဉ် လမ်းဖယ်ပေးရန် အချက်ပေးခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးအား အုပ်စုလိုက်ဝိုင်းဝန်းထိုးနှက်ခဲ့သူ Lin Wilson (၃၇ နှစ်) ကို တရားရုံးက ထောင်ဒဏ် ၁၃ လနှင့် ၇ ပတ် ချမှတ်လိုက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် ဧပြီလက ဖြစ်ပွားခဲ့သော အဆိုပါဖြစ်စဉ်တွင် တရားခံသည် လမ်းဖယ်ခိုင်းသည်ကို မကျေနပ်သဖြင့် အလုပ်သမားအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး၊ နစ်နာသူမှာ မျက်လုံးအိမ်အရိုးနှင့် နှာခေါင်းရိုးကျိုးအက်ကာ တစ်သက်တာ ထိခိုက်နိုင်သည့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပါသည်။ တရားရုံးက ၎င်းအား ပြင်းထန်စွာ နာကျင်စေမှုအပါအဝင် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ်အပြင် ယာဉ်မောင်းလိုင်စင် ၃ နှစ် ပိတ်သိမ်းခြင်းနှင့် နစ်နာကြေး စင်ကာပူဒေါ်လာ ၈၈၆ ပေးလျော်ရန်ပါ အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။
Jan 21 • 2:36 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


