back

ပရိသတ်တွေအနေနဲ့ အသင်းကိုသာ ဝေဖန်တိုက်ခိုက်သင့်တယ်လို့ အမ်ဘာပေ တိုက်တွန်း

Jan 21 • 2:35 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပရိသတ်တွေအနေနဲ့ အသင်းကိုသာ ဝေဖန်တိုက်ခိုက်သင့်တယ်လို့ အမ်ဘာပေ တိုက်တွန်း

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေက အသင်းပရိသတ်တွေအနေနဲ့ ကစားသမားတစ်ဦးချင်းစီကို ပစ်မှတ်ထားမယ့်အစား အသင်းကိုသာ ဝေဖန်တိုက်ခိုက်သင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။မက်...


ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေက အသင်းပရိသတ်တွေအနေနဲ့ ကစားသမားတစ်ဦးချင်းစီကို ပစ်မှတ်ထားမယ့်အစား အသင်းကိုသာ ဝေဖန်တိုက်ခိုက်သင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။မက်ဒရစ်ပရိသတ်တွေဟာ လီဗန်တေးနဲ့လာလီဂါပွဲမှာ ဗင်နီစီယပ်စ်၊ ဘယ်လင်ဂမ်တို့ကို လှောင်ပြောင်ခဲ့ကြတာပါ။ဗင်နီစီယပ်စ်ရော ဘယ်လင်ဂမ်ပါ အခုရာသီမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပါတယ်။ဗင်နီစီယပ်စ်က နည်းပြဟောင်း အလွန်ဆိုလက်ထက်မှာ အနာဂတ်မသေချာတော့တဲ့ သတင်းတွေတောင် ထွက်ခဲ့ပါတယ်။ပရိသတ်တွေအနေနဲ့ စပိန်စူပါဖလားဗိုလ်လုပွဲမှာ မဟာပြိုင်ဘက် ဘာစီလိုနာအသင်းကို အရေးနိမ့်ပြီး စပိန်ဘုရင့်

ဖလားမှာလည်း ဆီဂန်ဒါကလပ် အယ်လ်ဘာစီတေအသင်းကို အရေးနိမ့်ကာ ပြိုင်ပွဲက ထွက်ခဲ့ရလို့ ဒေါသူပုန်ထနေတာဖြစ်တယ်။ဒါ့အပြင် အသင်းဥက္ကဋ္ဌ ဖလော်ရန်တီနိုပီရက်ဇ်ကိုလည်း ရာထူးကနုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

news-view-count-icon

20