ဘုန်းမောက်အသင်းဟာ ဟန်ဂေရီကလပ် ဖယ်ရန်ဗာရို့စ်အသင်းက လက်ရွေးစင်ကွင်းလယ်လူ အဲလက်တော့သ်ကို ပေါင် ၁၀.၄ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။တော့သ်(၂၀ နှစ်)ဟာ ဘုန်းမောက်အသင်းနဲ့ ငါးနှစ်ခွဲသက်တမ်းရှိ စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်။တော့သ်ရဲ့အပြောင်းအရွှေ့မှာ Add-ons ကြေး ပေါင် ၂.၆ သန်း ပါဝင်ပြီး ဖယ်ရန်ဗာရို့စ်အသင်းက အနာဂတ်အပြောင်းအရွှေ့ကနေ ၁၀ ရာခိုင်နှုန်း ခံစားခွင့်ရှိပါတယ်။တော့သ်ကို ဘင်ဖီကာ၊ ဂါလာတာစာရေးနဲ့ လာဇီယိုအသင်းတွေကလည်း စိတ်ဝင်စားခဲ့ကြပါတယ်။ကွင်းလယ်ခံစစ်ကစားသမားဖြစ်တဲ့ တော့သ်ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ဖယ်ရန်ဗာရို့စ်အသင်းနဲ့အတူ ပွဲထွက်ခဲ့ပြီး ပြိုင်ပွဲစုံ ၅၂ ပွဲကစားကာ လေးဂိုး သွင်းယူခဲ့ပါတယ်။၎င်းဟာ ဟန်ဂေရီလက်ရွေးစင်အသင်းအတွက် ကိုးပွဲ ကစားထားပါတယ်။
| 21 | 0 | 0 | 0 |


