၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့၊ Mothership သတင်းဌာန၏ ဖော်ပြချက်အရ စင်ကာပူနိုင်ငံရှိ နိုင်ငံတကာကျောင်းတစ်ခုဖြစ်သော Astor International School သည် ကျောင်းအပေါ် အွန်လိုင်းတွင် ဝေဖန်မှုများပြုလုပ်ခဲ့သည့် တစ်ဦးတည်းသောမိခင် (Single Mother) တစ်ဦးအား အသရေဖျက်မှုဖြင့် တရားစွဲဆိုထားကြောင်း သိရပါတယ်။အဓိကအားဖြင့် ကျောင်းလခ ၂ ရက်မျှ နောက်ကျရုံဖြင့် ကျောင်းလခစုစုပေါင်း ၁,၅၀၀ စင်ကာပူဒေါ်လာအပေါ် ၅ ရာခိုင်နှုန်းကို တရားမဝင် အတိုးတောင်းခံခြင်း၊ ကိုဗစ်ကာလအတွင်း စာချုပ်အသစ်ချုပ်ရန် ဖိအားပေးခြင်းနှင့် ကျောင်း၏ ဝန်ဆောင်မှုညံ့ဖျင်းခြင်းတို့ကို ဖော်ပြခဲ့ပါတယ်။ထို့အပြင် သူမသည် ကျောင်း၏ Google Review ရှိ ကြယ် ၅ ပွင့်အဆင့်သတ်မှတ်ချက်များသည် ကျောင်းသားမိဘအတုများ သို့မဟုတ် ကျောင်း၏မိတ်ဆွေများက ရေးပေးထားသည့် Review အတုများသာဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့ပါတယ်။ ယင်းဝေဖန်မှုများကြောင့် ကျောင်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေရုံသာမက ကျောင်းသားအသစ်ဝင်ရောက်မှုနှုန်းပါ သိသိသာသာ လျော့ကျသွားစေခဲ့တယ်လို့ ကျောင်းဘက်က တရားရုံးတွင် တင်ပြခဲ့ပါတယ်။ အဆိုပါ ကျောင်းသားမိခင်ကတော့ သူမ၏ စွပ်စွဲချက်များသည် အမှန်တရားများသာဖြစ်ကြောင်း ခုခံချေပထားပါတယ်။ လက်ရှိတွင် အဆိုပါအမှုအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့မှစတင်ကာ State Courts ၌ စစ်ဆေးကြားနာနေပြီဖြစ်ပါတယ်။



