back

အယ်လန်ဒီကို အင်တာမိုင်ယာမီအသင်း အပြီးသတ်ခေါ်ယူ

Jan 21 • 2:33 AM

breaking-news

မြန်မာ

ပြည်ပ

cover

အယ်လန်ဒီကို အင်တာမိုင်ယာမီအသင်း အပြီးသတ်ခေါ်ယူ

မေဂျာလိဂ်လက်ရှိချန်ပီယံ အင်တာမိုင်ယာမီအသင်းသည် ပြီးခဲ့သည့်ရာသီက အငှားဖြင့်လာရောက်ခြေစွမ်းပြခဲ့သည့် အာဂျင်တီးနားတောင်ပံတိုက်စစ်မှူး အယ်လန်ဒီကို စပိန်ကလပ် ဆယ်တာဗီ...

မေဂျာလိဂ်လက်ရှိချန်ပီယံ အင်တာမိုင်ယာမီအသင်းသည် ပြီးခဲ့သည့်ရာသီက အငှားဖြင့်လာရောက်ခြေစွမ်းပြခဲ့သည့် အာဂျင်တီးနားတောင်ပံတိုက်စစ်မှူး အယ်လန်ဒီကို စပိန်ကလပ် ဆယ်တာဗီဂိုအသင်းထံမှ ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိသော စာချုပ်ဖြင့် အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပါသည်။ အသက် ၂၆ နှစ်အရွယ် အယ်လန်ဒီသည် ပြီးခဲ့သည့်ရာသီတွင် ပြိုင်ပွဲစုံ ၂၄ ဂိုးသွင်းယူကာ အသင်း၏ ဒုတိယသွင်းဂိုးအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ ပလေးအော့ဖ်ပွဲစဉ်များတွင်လည်း ၉ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါသည်။ အင်တာမိုင်ယာမီအသင်းသည် လာမည့် ၂၀၂၆ ရာသီအတွက် အယ်လန်ဒီအပြင် ရီဂူလွန်၊ မစ်ချယ် အစရှိသည့် ကစားသမားသစ်များကိုပါ ခေါ်ယူအားဖြည့်ထားပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် LAFC အသင်းနှင့် ရာသီဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားသွားရမည် ဖြစ်ပါသည်။

news-view-count-icon

18