back

အိန္ဒိယ၏ စံချိန်တင် ဆန်စပါးထွက်ရှိမှုကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းများ ဆက်လက်ကျဆင်းဖွယ်ရှိ

Jan 21 • 2:31 AM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယ၏ စံချိန်တင် ဆန်စပါးထွက်ရှိမှုကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းများ ဆက်လက်ကျဆင်းဖွယ်ရှိ

အိန္ဒိယတောင်သူများသည် ယခုနှစ်တွင် ဆန်စပါးများကို စံချိန်တင် ပိုမိုရိတ်သိမ်းနိုင်မည်ဖြစ် သောကြောင့် ယင်းအခြေအနေသည် ရိက္ခာဖူလုံနေပြီးသားဖြစ်သော ကမ္ဘာ့ဆန်ဈေးကွက် အ...

အိန္ဒိယတောင်သူများသည် ယခုနှစ်တွင် ဆန်စပါးများကို စံချိန်တင် ပိုမိုရိတ်သိမ်းနိုင်မည်ဖြစ် သောကြောင့် ယင်းအခြေအနေသည် ရိက္ခာဖူလုံနေပြီးသားဖြစ်သော ကမ္ဘာ့ဆန်ဈေးကွက် အတွင်းသို့ ဆန်အမြောက်အမြား ထပ်မံရောက်ရှိလာစေပြီး မူလဈေးနှုန်းများအပေါ် ပိုမိုဖိအားဖြစ်စေကာ ဈေး နှုန်းများ ဆက်လက်ကျဆင်းသွားဖွယ်ရှိနေကြောင်း သိရှိရပါသည်။ဆန်ဝယ်လိုအားကျဆင်းနေချိန်နှင့် အဓိကဝယ်ယူနေသည့်နိုင်ငံအချို့က သွင်းကုန်စည်းမျဉ်း များကို တင်းကျပ်ထားချိန်တွင် အိန္ဒိယတောင်သူများအနေဖြင့် ဤဈေးနှုန်းကျဆင်းမှုဒဏ်ကို အဆိုး ရွားဆုံး ခံစားရနိုင်ကြောင်းနှင့် ကမ္ဘာ့အကြီးဆုံး ဆန်ထုတ်လုပ်သည့် အိန္ဒိယနိုင်ငံမှ စိုက်ပျိုးထုတ် လုပ်သူများသည် ထိုင်းနှင့် ဗီယက်နမ်ကဲ့သို့သော ပြိုင်ဘက်နိုင်ငံများကို ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်အ တွက် ဆန်ဈေးနှုန်းများကို မဖြစ်မနေလျှော့၍ရောင်းချရမည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။ယခုအချိန်တွင် အိန္ဒိယ၌ ဆန်များစွာပိုလျှံနေသည့်အတွက် ဝယ်မည့်သူများက ချက်ချင်း မ ဝယ်သေးဘဲ ရောင်းမည့်သူများအား မည်သည့်အချိန်အထိ စောင့်နိုင်မည်ဆိုသည်ကို စမ်းနေကြ ကြောင်း Olam India ၏ ဒုတိယမန်နေဂျင်းဒါရိုက်တာ Nitin Gupta က ပြောကြားခဲ့သည်။

news-view-count-icon

20