မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ် (KLIA) အပြင်ဘက်တွင် ခရီးသွားပုံစံဖြင့် သေသေသပ်သပ်ဝတ်ဆင်ကာ တက္ကစီခပေးရန် ငွေချေးသလိုလိုဖြင့် လိုက်လံလိမ်လည်နေသည့် အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဗီဒီယိုရိုက်ကူး၍ လူသိရှင်ကြား ဖော်ထုတ်လိုက်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသည်။ အဆိုပါအမျိုးသမီးသည် သူငယ်ချင်းများနှင့် လူကွဲသွားသဖြင့် ငွေမရှိတော့ကြောင်း Mandarin ဘာသာစကားဖြင့် အကြောင်းပြကာ ခရီးသွားများထံမှ ငွေတောင်းခံနေခြင်းဖြစ်ပြီး၊ ငွေလိမ်ဂိုဏ်းဝင်ဟု သံသယရှိသူ အမျိုးသားက ဖုန်းကင်မရာဖြင့် အနီးကပ်လိုက်လံမေးမြန်းရာတွင် အဖြေမပေးနိုင်ဘဲ ခရီးဆောင်အိတ်ကိုဆွဲကာ အတင်းအပြေးအလွှား ထွက်ပြေးသွားခဲ့ပါသည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်အသုံးပြုသူအများအပြားကလည်း လေဆိပ်နှင့် Genting Casino အနီးတစ်ဝိုက်တွင် အလားတူ လိမ်လည်သူများစွာရှိနေကြောင်း သတိပေးထားကြပြီး၊ ခရီးသွားများအနေဖြင့် သနားစဖွယ်အကြောင်းပြချက်များဖြင့် ငွေတောင်းခံလာပါက သတိရှိရှိ ဆင်ခြင်ကြရန် တိုက်တွန်းထားကြောင်း သိရှိရပါသည်။
Jan 21 • 2:31 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 5 | 0 | 0 | 0 |


