back

မန်ယူနဲ့ပွဲအတွက် အဆင့်သင်ဖြစ်နေပြီဆိုတာကို ပြသခဲ့တဲ့ အာဆင်နယ်အသင်း

Jan 21 • 2:30 AM

breaking-news

မြန်မာ

ပြည်ပ

cover

မန်ယူနဲ့ပွဲအတွက် အဆင့်သင်ဖြစ်နေပြီဆိုတာကို ပြသခဲ့တဲ့ အာဆင်နယ်အသင်း

အာဆင်နယ်ကတော့ ပရီးမီးယားလိဂ်မှာရော ချန်ပီယံလိဂ်မှာပါ အဆင့် ၁ နေရာကနေ ဆက်လက်ရပ်တည်နေပါတယ် ။ ဒီတပတ်ပွဲစဉ်မှာ အင်တာမီလန်လို စီးရီးအေ အဆင့် ၁ နေရာကအသင်းကို အဝေးကွင်...

အာဆင်နယ်ကတော့ ပရီးမီးယားလိဂ်မှာရော ချန်ပီယံလိဂ်မှာပါ အဆင့် ၁ နေရာကနေ ဆက်လက်ရပ်တည်နေပါတယ် ။ ဒီတပတ်ပွဲစဉ်မှာ အင်တာမီလန်လို စီးရီးအေ အဆင့် ၁ နေရာကအသင်းကို အဝေးကွင်းမှာ ၃-၁ နဲ့ အနိုင်ကစားပြခဲ့ပြန်တာပါ ။ ဒါဟာ အခုနှစ်ချန်ပီယံလိဂ်မှာ အာဆင်နယ်တို့ ကစားသမျှပွဲစဉ်တိုင်းကို အနိုင်ရရှိထားခဲ့တာလည်း ဖြစ်ပါတယ် ။ ဒီအတွက်ကြောင့် အာဆင်နယ်အသင်းရဲ့ သမိုင်းတလျောက်မှာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ၇ ပွဲဆက် အနိုင်ရရှိမှု ဖြစ်လာခဲ့ရပါပြီ ။ လာမယ့်ပွဲစဉ်မှာတော့ အာဆင်နယ်ဟာ နည်းပြအပြောင်းအလဲပြုလုပ်အပြီးမှာ မန်စီးတီးကို အနိုင်ကစားထားလို့ စိတ်ဓါတ်တက်ကြွနေတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားရတော့မှာပဲ ဖြစ်ပါတယ် ။

news-view-count-icon

38