၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တတိယ (၁၀) ရက်ပတ်အတွင်း အီကွေတာအနီး ပစိဖိတ်သမုဒ္ဒရာတွင် အားအနည်းငယ်ရှိသော လာနီညာ အခြေအနေ ဆက်လက်တည်ရှိနေနိုင်သဖြင့် မြန်မာနိုင်ငံရှိ ဒေသအချို့တွင် ညအပူချိန်များ ပိုမိုလျော့နည်းခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ရာသီဥတုပြောင်းလဲမှုများကို သတိပြုရန် လိုအပ်ကြောင်း အသိပေးထားပါသည်။
ဇန်နဝါရီ နောက်ဆုံးပတ်တွင် လာနီညာအရှိန်ကြောင့် ညအပူချိန် လျော့နည်းနိုင်ပြီး အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း မိုးဇလသတိပေး
Jan 21 • 2:26 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


