back

ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်မှုလျော့နည်းစေရန် ဆောင်ရန်/ရှောင်ရန်အချက်များကို မြန်မာနိုင်ငံကြက်ခြေနီအသင်း တိုက်တွန်း

Jan 21 • 2:23 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်မှုလျော့နည်းစေရန် ဆောင်ရန်/ရှောင်ရန်အချက်များကို မြန်မာနိုင်ငံကြက်ခြေနီအသင်း တိုက်တွန်း

ရန်ကုန်တိုင်းအတွင်း ဇန်နဝါရီ ၁၉ ရက်ညနှင့် ၂၀ ရက် နံနက်အစောပိုင်းတို့တွင် ငလျင်လှုပ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက်၊ ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စ...

ရန်ကုန်တိုင်းအတွင်း ဇန်နဝါရီ ၁၉ ရက်ညနှင့် ၂၀ ရက် နံနက်အစောပိုင်းတို့တွင် ငလျင်လှုပ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက်၊ ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ လျော့နည်းစေရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) က အရေးပေါ်နှိုးဆော်ချက်များ ထုတ်ပြန်လိုက်သည်။ ငလျင်သည် ကြိုတင်သတိပေးချက်မရှိဘဲ ရုတ်တရက်ဖြစ်ပွားတတ်သဖြင့် ငလျင်မလှုပ်မီ တွင် အရေးပေါ်ဆေးသေတ္တာနှင့် ပစ္စည်းများ အသင့်ဆောင်ထားရန်၊ ငလျင်လှုပ်နေစဉ် တွင် ခိုင်ခံ့သော စားပွဲအောက်၌ ခိုလှုံရန်၊ မှန်ပြတင်းနှင့် ဓာတ်တိုင်များမှ ဝေးရာတွင်နေရန်နှင့် ငလျင်လှုပ်ပြီးနောက် တွင် မိမိကိုယ်တိုင်နှင့် အခြားသူများ၌ ဒဏ်ရာရရှိမှု ရှိ/မရှိ စစ်ဆေးကာ လျှပ်စစ်နှင့် လောင်စာဆီပိုက်များကို စနစ်တကျ စစ်ဆေးဖြတ်တောက်ရန် အသိပေးထားသည်။ ထို့အပြင် ကမ်းခြေအနီးတွင်ရှိပါက ဆူနာမီဘေးအန္တရာယ်ကို သတိပြု၍ ကုန်းမြင့်ရာသို့ ချက်ချင်းပြောင်းရွှေ့ရန်နှင့် အထပ်မြင့်အဆောက်အအုံများတွင် လူစုပြုံတိုးထွက်ခြင်းမပြုရန် MRCS က အထူးနှိုးဆော်ထားပါသည်။

news-view-count-icon

17