ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ကု (Mae Ku) ရပ်ကွက်ရှိ ကုန်စုံဆိုင်အနီးတွင် ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းက တရားမဝင်ပစ္စည်းများ စစ်ဆေးနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် အသက် ၂၀ ဝန်းကျင်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ဖမ်းဆီးရမိရေးအတွက် အာဏာပိုင်များက အပြင်းအထန် လိုက်လံရှာဖွေလျက်ရှိပါသည်။ အဆိုပါပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး တရားခံနှင့်အတူပါလာသူ တစ်ဦးကို ဖမ်းဆီးရမိထားသော်လည်း သေနတ်ကိုင်ဆောင်ထားသည့် တရားခံမှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါသည်။ လက်ရှိတွင် ရဲ၊ စစ်တပ်နှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အင်အား ၁၀၀ ကျော်က မယ်ကုကျေးရွာနှင့် နယ်စပ်တစ်လျှောက်ကို ဝိုင်းရံပိတ်ဆို့ထားပြီး၊ အနက်ရောင် ဦးထုပ်ပါအနွေးထည် ဝတ်ဆင်ထားသည့် အဆိုပါအန္တရာယ်ရှိသူကို တွေ့ရှိပါက အနားမကပ်ဘဲ အာဏာပိုင်များထံ အကြောင်းကြားရန်နှင့် ဒေသခံများအနေဖြင့် အိမ်ပြင်မထွက်ကြရန် မဲဆောက်ရဲစခန်းက အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါသည်။
Jan 21 • 2:21 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


