back

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ် (၁၂၀) ပြည့်အထိမ်းအမှတ်ပွဲတော် ပြုလုပ်မည်

Jan 21 • 2:27 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ် (၁၂၀) ပြည့်အထိမ်းအမှတ်ပွဲတော် ပြုလုပ်မည်

မြန်မာနိုင်ငံ၏ အထင်ကရ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် တည်ထောင်မှု နှစ် (၁၂၀) ပြည့် အထိမ်းအမှတ်ပွဲတော်ကို ဇန်နဝါရီ ၃၀ ရက်မှ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဖွင့်ပွဲအ...

မြန်မာနိုင်ငံ၏ အထင်ကရ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် တည်ထောင်မှု နှစ် (၁၂၀) ပြည့် အထိမ်းအမှတ်ပွဲတော်ကို ဇန်နဝါရီ ၃၀ ရက်မှ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၃၁ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး၊ ဖေဖော်ဝါရီ ၁ ရက်မှ ၄ ရက်နေ့အထိ ဈေးရောင်းပွဲတော်၊ အနုပညာဖြေဖျော်မှုများ၊ မျက်လှည့်ပြပွဲများနှင့် ကလေးငယ်များအတွက် ဗဟုသုတဖြစ်ဖွယ် Talk Show အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။ ၁၉၀၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သည် အရှေ့တောင်အာရှနိုင်ငံများတွင် သက်တမ်းအရှည်ကြာဆုံး တိရစ္ဆာန်ဥယျာဉ်တစ်ခုအဖြစ် ယနေ့တိုင် ရပ်တည်လျက်ရှိပါသည်။

news-view-count-icon

16