Myanmar Women League 2025-2026 ပြိုင်ပွဲ ရာသီကုန်ပြီးဆုံးရန် နီးကပ်လာပြီးဖြစ်ရာ ထိပ်တန်း အသင်း(၃)သင်း ယှဉ်ပြိုင်ရမည့် အသင်းများ၏ စာရင်းကို မြန်မာနေရှင်လိဂ်ကော်မတီက ထုတ်ပြန်ထားသည်။လတ်တလော အမှတ်ပေးဇယား ထိပ်ပိုင်းတွင် ရပ်တည်နေ့သည့် အသင်း(၃) သင်းမှာ ISPE ၊ ဧရာဝတီနှင့် သစ္စာအားမာန်အသင်းတို့ဖြစ်သည်။အဆိုပါ အသင်း(၃)သင်းအနက် ISPE အသင်းမှာ ဇန်နဝါရီ (၂၁)ရက်တွင် ရှမ်းယူနိုက်တက်အသင်း၊ ဇန်နဝါရီ(၂၆)ရက်တွင် ဧရာဝတီအသင်းနှင့် ဇန်နဝါရီ(၃၁) ရက်တွင် ရန်ကုန်ယူနိုက်တက်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။ ဧရာဝတီအသင်းမှာ ဇန်နဝါရီ (၂၂)ရက်တွင် You ng Lionesses အသင်း၊ ဇန်နဝါရီ (၂၆)ရက်တွင် ISPE အသင်းနှင့် ဇန်နဝါရီ (၃၁)ရက်တွင် ရှမ်းယူနိုက်တက်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။သစ္စာအားမာန်အသင်းမှာ ဇန်နဝါရီ(၂၅)ရက်တွင် ရှမ်းယူနိုက်တက်အသင်း၊ ဇန်နဝါရီ (၃၀)ရက်တွင် Young Lionesses အသင်းတိုနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ယခုနှစ် Myanmar Women League 2025-2026 ပြိုင်ပွဲကို အသင်း(၉)သင်းဖြင့် နှစ်ကျော့စနစ် ယှဉ်ပြိုင်နေကြခြင်းလည်းဖြစ်သည်။



