General Motors(GM)ရဲ့ လူကြိုက်များတဲ့ 6.2L V8 L87 အင်ဂျင်နဲ့ပတ်သက်ပြီး ကြာရှည်စွာဖြစ်ပေါ်နေတဲ့ ပြဿနာတစ်ခုကို ဖက်ဒရယ်စုံစမ်းစစ်ဆေးမှုအသစ်တစ်ခု စတင်လိုက်တယ်လို့ CNN သတင်းမှာ ဖော်ပြထားပါ တယ်။GM ရဲ့ လူသိများတဲ့ အဲဒီကား တွေ ပြန်လည်သိမ်းဆည်းမှုမှာ အင်ဂျင်ချို့ယွင်းမှု ကြီးကြီးမားမား ဖြစ်ပွားတယ် ဆိုတဲ့ တိုင်ကြားမှု ရာပေါင်းများစွာ ကို လက်ခံရရှိပြီးနောက် အင်ဂျင်နီယာခွဲခြမ်းစိတ်ဖြာမှုတစ်ခုကို အမျိုးသား အဝေးပြေးလမ်းယာဉ်အန္တရာယ်ကင်းရှင်းရေးစီမံခန့်ခွဲရေး(NHTSA)က စတင်လိုက်တာ ဖြစ်ပါတယ်။ဒီစုံစမ်းစစ်ဆေးမှုဟာ General Motors က သူ့ရဲ့အကျိုးအမြတ်အများဆုံးနဲ့ ရေပန်းအစားဆုံး full-size ထရပ်ကား တွေနဲ့ SUV တွေမှာ တပ်ဆင်တဲ့ အင်ဂျင်စက်ရုံတစ်ခုကို ထင်ရှားစွာ မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်။ အေဂျင်စီ ရဲ့ ချို့ယွင်းချက်စုံစမ်းစစ်ဆေးရေးရုံး(ODI)က အင်ဂျင် bearing ချို့ယွင်းမှုအစီရင်ခံစာ ၁၁၅၇ ခုကို လက်ခံရရှိခဲ့ တယ်လို့ အတည်ပြုထားပါတယ်။



