back

ဂါဇာငြိမ်းချမ်းရေးဘုတ်အဖွဲ့၏ အမြဲတမ်းအဖွဲ့ဝင်များ ဒေါ်လာတစ်ဘီလီယံ ထည့်ဝင်ရမည်

Jan 20 • 5:58 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဂါဇာငြိမ်းချမ်းရေးဘုတ်အဖွဲ့၏ အမြဲတမ်းအဖွဲ့ဝင်များ ဒေါ်လာတစ်ဘီလီယံ ထည့်ဝင်ရမည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဦးဆောင်သော ဂါဇာငြိမ်းချမ်းရေး ဘုတ်အဖွဲ့တွင် အမြဲတမ်း အဖွဲ့ဝင် အဖြစ် ပါဝင်လိုသော နိုင်ငံများအနေဖြင့်အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ထည့်ဝင်ရမည...

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဦးဆောင်သော ဂါဇာငြိမ်းချမ်းရေး ဘုတ်အဖွဲ့တွင် အမြဲတမ်း အဖွဲ့ဝင် အဖြစ် ပါဝင်လိုသော နိုင်ငံများအနေဖြင့်အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ထည့်ဝင်ရမည်ဖြစ်ကြောင်း အမေရိကန်အစိုးရ သတင်းအရင်းအမြစ်များက ထုတ်ဖော်ပြောကြားထားသည်။အမေရိကန်အစိုးရ ရေးဆွဲထားသော ဂါဇာငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဖွဲ့စည်းမှုပဋိညာဉ်တွင်ဘုတ်အဖွဲ့၌ အမြဲတမ်းအဖွဲ့ဝင်များအဖြစ် ပါဝင်လိုသူ နိုင်ငံများအနေဖြင့် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ထည့်ဝင်ပေးရမည်ဖြစ်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ပြောကြားထားသည်။အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ထည့်ဝင်ခြင်းမရှိသော အဖွဲ့ဝင်နိုင်ငံများမှာမူ ဂါဇာငြိမ်းချမ်းရေး ဘုတ်အဖွဲ့တွင် သုံးနှစ်သာ ပါဝင်ခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။ဂါဇာငြိမ်းချမ်းရေး ဘုတ်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ၌ထည့်ဝင်မည့် ငွေကြေးများကို ဂါဇာ

ကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် သုံးစွဲမည်ဖြစ်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။

လက်ရှိအချိန်တွင် ဂါဇာငြိမ်းချမ်းရေး ဘုတ်အဖွဲ့၌ ပါဝင်ရေးအတွက် အိန္ဒိယနိုင်ငံအပါအဝင် အနည်းဆုံးနိုင်ငံပေါင်း ရှစ်နိုင်ငံကို အမေရိကန်အစိုးရက ဖိတ်ခေါ်ထားကြောင်း သိရသည်။အမေရိကန်အစိုးရက ဖိတ်ခေါ်ထားသောနိုင်ငံရှစ်နိုင်ငံအနက် ဟန်ဂေရီနှင့် ဗီယက်နမ်နိုင်ငံတို့

က အထက်ပါဖိတ်ခေါ်ချက်ကို လက်ခံထားကြောင်းသိရသည်။ဂါဇာငြိမ်းချမ်းရေး ဘုတ်အဖွဲ့သည် သမ္မတဒေါ်နယ်ထရန့်၏ ဂါဇာငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။


news-view-count-icon

14