back

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုးရှိIBEC ဗုဒ္ဓတက္ကသိုလ်၌ ဘွဲ့နှင်းသဘင်အခမ်းအနား ကိုကျင်းပ

Jan 20 • 5:49 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုးရှိIBEC ဗုဒ္ဓတက္ကသိုလ်၌ ဘွဲ့နှင်းသဘင်အခမ်းအနား ကိုကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုးရှိ IBEC ဗုဒ္ဓတက္ကသိုလ်ရဲ့ တတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းနားကို တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ ဇန်နဝါရီ (၁၈)ရက်က...

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုးရှိ IBEC ဗုဒ္ဓတက္ကသိုလ်ရဲ့ တတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းနားကို တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ ဇန်နဝါရီ (၁၈)ရက်က ကျင်းပခဲ့တယ်လို့ သိရပါတယ်။အဲဒီဘွဲ့နှင်းသဘင်အခမ်းနားကို သီတဂူဆရာတော်ဘုရားကြီးကြွရောက်ပြီး သာသနာပြုလုပ်ငန်းတွေမှာ စွမ်းစွမ်း တမံဆောင်ရွက်နိုင်ဖို့ လမ်းညွှန်ကာ ဩဝါဒကထာတွေလည်း ချီးမြှင့်ပေးခဲ့ပါတယ်။

ဘွဲ့အပ်နှင်းရာမှာ ကျွန်းလှဗုဒ္ဓတက္ကသိုလ်က ဗုဒ္ဓဒေသနာမဟာဝိဇ္ဇာ(MA)နဲ့ ဗုဒ္ဓဒေသနာဝိဇ္ဇာ(BA)ဘွဲ့ရရှိတဲ့ ရဟန်း သံဃာ၊ သီလာရှင်၊ လူပုဂ္ဂိုလ်တွေ ပါဝင်တယ်လို့ IBEC နဲ့ ကျွန်းလှဗုဒ္ဓတက္ကသိုလ်တည်ထောင်သူ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင်သောဘိတက မိန့်ကြားပါတယ်။တတိယအကြိမ်အနေနဲ့ ကျင်းပတဲ့အခမ်းအနားမှာ ဗုဒ္ဓဒေသနာမဟာဝိဇ္ဇာ(MA)ဘွဲ့ရ (၁၇)ပါး၊ ဗုဒ္ဓဒေသနာဝိဇ္ဇာ (BA)ဘွဲ့ရ (၁၆)ပါး၊ သာသနာ့နုဂ္ဂဟဓမ္မာစရိယဘွဲ့ရ(၁)ပါး၊ သာသနာ့ဓဇဓမ္မာစရိယဘွဲ့ရ(၄)ပါးနဲ့ အင်္ဂလိပ်စာ သင်တန်းဆင်း လက်မှတ်ရရှိသူ(၂၂)ဦးတို့ကို သီတဂူဆရာတော်ကြီးက ဘွဲ့လက်မှတ်တွေနဲ့ သင်တန်းဆင်း လက်မှတ်တွေကို ပေးအပ်ချီးမြှင့်တော်မူခဲ့တယ်လို့ သိရပါတယ်။

news-view-count-icon

29