ရာသီပေါ်သီးနှံဖြစ်သော မရမ်းသီးများမှာ ဈေးနှုန်းအဆမတန်မြင့်မားစွာဖြင့် မန္တလေးဈေးကွက်အတွင်း ဝင်ရောက်မှုရှိနေကြောင်း ဒေသခံများကပြောသည်။မန္တလေးမြို့ရှိ ပွဲရုံနှင့်ဈေးများတွင် မရမ်းသီးများကို ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းဝန်းကျင်လောက်မှ စတင်ကာ ရောင်းချလာခြင်းဖြစ်ပြီး သယ်ယူစရိတ်မြင့်မားမှုကြောင့် ဈေးနှုန်းများမှာ သားငါးဈေးနှုန်းများထက် ၄ ဆကျော်အထိ ရှိနေကြသည်။"ပြီးခဲ့တဲ့ နှစ်ကထက် ၂ ဆကျော်ဈေးမြင့်သွားတယ်၊ သယ်ယူစရိတ်ကအဓိကပြဿနာပေါ့၊ တော်ရုံသူဌေးတောင် ဝယ်စားနိုင်ဖို့မလွယ်သေးဘူး"ဟု ချမ်းအေးသာစံမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။လက်ရှိအချိန်တွင် လက်လီဈေးနှုန်းများအနေဖြင့် မရမ်းသီးတစ်ပိဿာလျှင်ငွေ ၁၆၀,၀၀၀ ကျပ်ကျော်လောက်အထိရှိပြီး ယမန်နှစ်က အလားတူကာလတွင် ၈၀,၀၀၀ ကျပ်ဝန်းကျင်သာရှိကြောင်း ဒေသခံများကဆိုသည်။
Jan 20 • 3:51 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 93 | 0 | 0 | 0 |


