ထိုင်းနိုင်ငံ၊Ang Thong ဒေသ၊ Highway 32 မှာ ကားနှစ်စီးအရှိန်ပြင်းပြင်းမောင်းနှင်နေတဲ့အတွက် ရဲတပ်ဖွဲ့တွေက မသင်္ကာဖြစ်ပြီး ကားတွေကို ဖမ်းပြီးစစ်ဆေးတဲ့အခါမှာ မြန်မာရွှေ့ပြောင်းလုပ်သား တရားမဝင် ဝင်ရောက်လာသူ ၂၂ ဦးကို ဖမ်းဆီးခဲ့ရမိပါတယ်။ သူတို့ဟာ ကားထဲမှာ ပုန်း၊ ကြပ်ညပ်နေအောက်လိုက်လာတာဖြစ်ပြီး ၂၂ ယောက်လုံးမှာ ပတ်စ်ပို့ရော၊ ကျန်တဲ့အထောက်အထား ဘာမှမပါဘူးလို့ဆိုပါတယ်။ ထိုင်းမှာ အလုပ်လုပ်ဖို့ လှေနဲ့ မယ်ဆိုင်ကနေ ဝင်လာ၊ ချင်းရိုင်၊ ပြီးကနေမှ တဆင့်ချင်း ဝင်လာတာဖြစ်ပြီး တစ်ဦးစာ ကုန်ကျစရိတ် ဘတ် ၁၃,၀၀၀ ကုန်တယ်လို့ဆိုပါတယ်။ဒီလူတွေကို ဖမ်းဆီးပြီး ဥပဒေအကြောင်းအရ ဆောင်ရွက်နေစဥ်မှာပဲ သူတို့ကို ဖမ်းဆီးလာတဲ့ ရဲတစ်ဦးရဲ့ မွေးနေ့ဖြစ်လို့ ကျန်တဲ့ လုပ်ဖော်ကိုင်ဖက်ရဲတွေက ကိတ်တွေခွဲ၊ ဆင်နွှဲနေချိန် ကိုယ်တွေ မြန်မာတွေကလည်း လက်ခုပ်တီးပြီး အားပေးဆင်နွှဲခဲ့ပါတယ်။ 
Jan 20 • 3:52 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


