back

ထိုင်း - မြန်မာနယ်စပ်ကန်ချနဘူရီမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၅၀ ဦးခန့် ဖမ်းဆီးခံရ

Jan 20 • 3:50 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်း - မြန်မာနယ်စပ်ကန်ချနဘူရီမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၅၀ ဦးခန့် ဖမ်းဆီးခံရ

ထိုင်း - မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်မှာ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာတဲ့ မြန်မာနိုင်ငံသား ၅၀ ခန့်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။ဇန်...

ထိုင်း - မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်မှာ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာတဲ့ မြန်မာနိုင်ငံသား ၅၀ ခန့်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။ဇန်နဝါရီလ ၁၈ ရက်က ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့ ၊ လတ်ရဒေသ အမှတ် ၃၂၃ အမြန်လမ်းမကြီးမှာ မသင်္ကာစရာ ဗန်ကားတစ်စီးကို ကန်ချနဘူရီရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာမှ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ဗန်ကားထဲမှာ မြန်မာနိုင်ငံသား အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၁၇ ဦး၊ ကလေး ၅ ဦး စုစုပေါင်း ၄၈ ဦးနဲ့အတူ ထိုင်းနိုင်ငံသား ကားသမားကို ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ဆေးရာ သူတို့အားလုံးမှာ နိုင်ငံကူးလက်မှတ်၊ တရားဝင် နေထိုင်ခွင့် အထောက်အထားတွေကို မတွေ့ရတာကြောင့် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို နယ်စပ် စန်ခရာဘူရီဒေသမှတစ်ဆင့် ဘန်ကောက် အပါအဝင် ထိုင်းနိုင်ငံအလယ်ပိုင်းကို ပို့ဆောင်ပေးဖို့ တင်ဆောင်လာတာ ဖြစ်တယ်လို့ ထိုင်းကားသမားက ဖြေထားပါတယ်။လတ်တလောမှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် လတ်ရရဲစခန်းကို ပို့ဆောင်ထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။


news-view-count-icon

11