ပြည်တွင်း၌ယခုရက်သတ္တပတ်တွင် မတ်ပဲကဲ့သို့ ပဲစင်းငုံကလည်း အိန္ဒိယဈေးကွက်တွင် ဈေးနှုန်းဆက်တိုက်မြင့်တက်နေသည်။ ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှုလျော့နည်းခြင်း၏ အကျိုးဆက်အဖြစ် ယခုရက်သတ္တပတ် အိန္ဒိယဈေးကွက်တွင် မြန်မာပဲစင်းငုံက တစ်တန် ဒေါ်လာ ၂၀ကျော် ထပ်မံမြင့်တက်သွားသည်။ ပဲစင်းငုံ၂၀၂၆ crop တစ်တန်လျှင် ဒေါ်လာ ၇၉၅မှ ၈၂၀သို့ ဈေးပြောင်းသွားသည်။ ပဲစင်းငုံ ၂၀၂၅ Crop ကတစ်တန် ဒေါ်လာ ၇၈၀မှ ၇၉၀ ၀န်းကျင်သို့ဈေးပြောင်းသွားသည်။ပဲစင်းငုံပြည်ပရောင်းချသည့် FOBဈေး မြင့်တက်သကဲ့သို့ ပြည်တွင်းဈေးကလည်းတစ်တန် ကျပ် ၁၁၀,၀၀၀ ကျော် ဈေးထပ်မံမြင့်တက်သည်။
| 24 | 0 | 0 | 0 |


