ရန်ကုန်အနီးတစ်ဝိုက်တွင် တစ်ညတာအတွင်း ငလျင်နှစ်ခါလှုပ်ခတ်ခဲ့သည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်မှုများဖြစ်ကာ မြေငလျင်အန္တရာယ်အတွက် သတိထားနေကြရသည့်အခြေအနေမျိုးကြုံလာရကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါ ငလျင်နှစ်ခုလုံးသည် အင်အား ရစ်(ခ်)တာစကေး ၄ အထက်ရှိသော အဆင့်မျိုးဖြင့် လှုပ်ရှားသွားခြင်းလည်းဖြစ်သည်။“ပထမကြိမ်ထက်ကို ပိုပြင်းတယ်၊ ဒုတိယအကြိမ်ကလေ၊ အိပ်နေတုန်း လန့်နိုးတဲ့အထိကိုဖြစ်တာ၊ ဒါတောင်ကိုယ်က တစ်ထပ်အိမ်ပဲ၊ တော်တော်လေးကိုသိသာတာ၊ နောက်ထပ်လှုပ်ဦးမလား ဆိုပြီး စိုးရိမ်စိတ်တွေနဲ့ ကောင်းကောင်းအိပ်လို့တောင်မရတော့ဘူး”ဟုလည်း လှိုင်သာယာမြို့နယ်နေ ဒေသခံတစ်ဦးက ပြောသည်။
Jan 20 • 3:38 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 20 | 0 | 0 | 0 |


