back

ချင်းအမျိုးသားတက္ကသိုလ်မှာ ဘွဲ့ကြို၊ ဘွဲ့လွန် ဒီပလိုမာသင်တန်းတွေ ဖွင့်လှစ်တော့မယ်လို့ ကြေညာ

Jan 20 • 3:37 AM

breaking-news

မြန်မာ

ချင်း

cover

ချင်းအမျိုးသားတက္ကသိုလ်မှာ ဘွဲ့ကြို၊ ဘွဲ့လွန် ဒီပလိုမာသင်တန်းတွေ ဖွင့်လှစ်တော့မယ်လို့ ကြေညာ

ချင်းအမျိုးသားတက္ကသိုလ်(Chin National University) မှာ ဘွဲ့ကြို ၊ ဘွဲ့လွန် ဒီပလိုမာသင်တန်းတွေအပါအဝင် လျှပ်စစ်အင်ဂျင်နီယာ၊ မြို့ပြအင်ဂျင်နီယာနဲ့ ဥပဒေပညာသင်တန်းတွေ...

ချင်းအမျိုးသားတက္ကသိုလ်(Chin National University) မှာ ဘွဲ့ကြို ၊ ဘွဲ့လွန် ဒီပလိုမာသင်တန်းတွေအပါအဝင် လျှပ်စစ်အင်ဂျင်နီယာ၊ မြို့ပြအင်ဂျင်နီယာနဲ့ ဥပဒေပညာသင်တန်းတွေ စတင်ဖွင့်လှစ်တော့မယ်လို့ Chinland Council က ဖွဲ့စည်းပေးထားတဲ့ ချင်းပြည် ( Chinland) အစိုးရ၊ပညာရေး၀န်ကြီးဌာနက ဇန်နဝါရီလ ၁၉ ရက်နေ့ ထုတ်ပြန်ထားပါတယ်။ဖွင့်လှစ်တော့မယ့် သင်တန်းတွေအတွက် ဝင်ခွင့်စာမေးပွဲဖြေဆိုလျှောက်ထားတဲ့ ကျောင်းသားတွေအနေဖြင့် ဝင်ခွင့်စာမေးပွဲ ဖြေဆိုနိုင်ခွင့်နဲ့ ပက်သက်ပြီး သက်ဆိုင်ရာ မြို့နယ်၊ ဒေသပညာရေးရုံး ဒါမှမဟုတ် နီးစပ်ရာ မြို့နယ်၊ ဒေသ ပညာရေးရုံး (သို့မဟုတ်) ကျောင်းတွေမှာ ဆက်သွယ်စုံစမ်းနိုင်ပြီလို့လည်း ထုတ်ပြန်ထားပါတယ်။ကျောင်းသားတွေအနေဖြင့် ဝင်ခွင့်စာမေးဖြေဆိုလာတဲ့ချိန် လိုအပ်တဲ့ စာရွက်စာတမ်း၊ အထောက်အထားများနဲ့ သိရှိရမယ့် အချက်အလက်တွေကို သက်ဆိုင်ရာမြို့နယ် ၊ ဒေသပညာရေးရုံး (သို့ ) နီးစပ်ရာမြို့နယ်၊ ဒေသ ပညာရေးရုံးတွေမှာ ဆက်သွယ်စုံစမ်းနိုင်တယ်ပြီလို့လည်း ထုတ်ပြန်ထားပါတယ်။ချင်းအမျိုးသားတက္ကသိုလ်မှာ ဘွဲ့ကြိုပညာရေး ဒီပလိုမာ ၊ ဘွဲ့လွန်ပညာရေး ဒီပလိုမာသင်တန်းတွေကို (၂)နှစ် တက်ရမှာဖြစ်ပြီး ဥပဒေပညာဘွဲ့ကို (၄) နှစ် ၊ လျှပ်စစ်အင်ဂျင်နီယာ ၊ မြို့ပြအင်ဂျင်နီယာ တို့ကိုတော့ ၂ နှစ်တက်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

news-view-count-icon

16