back

ဗုဒ္ဓသားတော် ရဟန်း‌တော်မြတ် ဗီယက်နမ်ဆရာတော် အသျှင်ပညာကရ ဦးဆောင်သော မိုင် ၂၃၀၀ ငြိမ်းချမ်းရေး လမ်းလျှောက်သံဃာတော်အဖွဲ့

Jan 20 • 2:58 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗုဒ္ဓသားတော် ရဟန်း‌တော်မြတ် ဗီယက်နမ်ဆရာတော် အသျှင်ပညာကရ ဦးဆောင်သော မိုင် ၂၃၀၀ ငြိမ်းချမ်းရေး လမ်းလျှောက်သံဃာတော်အဖွဲ့

ဗီယက်နမ်ဆရာတော် အသျှင်ပညာကရ ဦးဆောင်ပြီး မြန်မာနိုင်ငံမှ ရွှေဘုန်းပွင့်ဆရာတော် အပါအဝင် သံဃာတော်အပါး ၂၀ ခန့် ပါဝင်သည့် "Walk for Peace" ငြိမ်းချမ်းရေးလမ်းလျှောက်အ...

ဗီယက်နမ်ဆရာတော် အသျှင်ပညာကရ ဦးဆောင်ပြီး မြန်မာနိုင်ငံမှ ရွှေဘုန်းပွင့်ဆရာတော် အပါအဝင် သံဃာတော်အပါး ၂၀ ခန့် ပါဝင်သည့် "Walk for Peace" ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့သည် အမေရိကန်ပြည်နယ်များကို ဖြတ်သန်း၍ ဝါရှင်တန်ဒီစီ အထိ မိုင်ပေါင်း ၂,၃၀၀ နီးပါးကို ခြေလျင်ကြွချီလျက် ရှိပါသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် တက္ကဆပ်ပြည်နယ်မှ စတင်ခဲ့သော ဤခရီးစဉ်၌ ဆရာတော်များသည် တစ်နေ့လျှင် ဆွမ်းတစ်နပ်သာ ဘုဉ်းပေးခြင်း၊ အချို့ဆရာတော်များမှာ ဖိနပ်မပါဘဲ ဗလာခြေထောက်ဖြင့် ကြွချီခြင်းနှင့် ရာသီဥတုဆိုးဝါးမှု၊ ယာဉ်မတော်တဆမှုများရှိသော်လည်း မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ကျော်ဖြတ်နေကြခြင်း ဖြစ်ပါသည်။ ယခုအခါ တက္ကဆပ်၊ လူဝီစီယားနား၊ မစ်စစ်စပီ၊ အလာဘားမား၊ ဂျော်ဂျီယာနှင့် ဆောက်သ်ကယ်ရိုလိုင်းနားပြည်နယ်များကို ဖြတ်သန်းခဲ့ပြီး မြောက်ကယ်ရိုလိုင်းနားပြည်နယ်သို့ ရောက်ရှိနေပြီဖြစ်ကာ၊ လာမည့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ခရီးစဉ်ပြီးဆုံးရန် ရည်မှန်းထားပြီး ငြိမ်းချမ်းရေး၏ အေးချမ်းမှုကို လက်တွေ့ကျင့်သုံးပြသလျက် ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

8