ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ဘင်ဖီကာမှ ခေါ်ယူထားသည့် အာဂျင်တီးနားကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို ချယ်လ်ဆီးအသင်းက စျေးကွက်အတွင်း ပြန်လည်ရောင်းထုတ်ရန် စီစဉ်နေကြောင်း မီဒီယာအချို့က ဖော်ပြလာကြပါသည်။ အသက် ၂၅ နှစ်အရွယ်ရှိ အန်ဇိုကို ချယ်လ်ဆီးက ၂၀၃၁ ခုနှစ်အထိ နှစ်ရှည်စာချုပ် ချုပ်ဆိုထားသော်လည်း လက်ရှိတွင် ရီးယဲလ်မက်ဒရစ်နှင့် PSG အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေကြပြီး လာမည့်နွေရာသီတွင် ကမ်းလှမ်းမှုများ ပြုလုပ်လာနိုင်ကြောင်း သိရပါသည်။ အသင်းနည်းပြသစ် လီယမ်ရိုစီနီယာက အန်ဇိုသည် အသင်းအတွက် အရေးပါသူဖြစ်ကြောင်း ပြောကြားထားသော်လည်း အသင်းဘက်ကမူ သင့်တော်သည့် ပြောင်းရွှေ့ကြေးရရှိပါက လက်လွှတ်ရန် စဉ်းစားနေခြင်းဖြစ်ကြောင်း အားကစားသတင်းများအရ သိရှိရပါသည်။
ချယ်လ်ဆီးအသင်း အဓိကကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို ကြိုက်ဈေးရပါက ရောင်းထုတ်ရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်
Jan 20 • 2:57 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 14 | 0 | 0 | 0 |


