back

ကန်ချနာဘူရီတွင် ခိုးဝင်သည့် မြန်မာအလုပ်သမား ၄၈ ဦးဖမ်းဆီးခံရ

Jan 20 • 2:55 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ကန်ချနာဘူရီတွင် ခိုးဝင်သည့် မြန်မာအလုပ်သမား ၄၈ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်၊ လတ်ယာရပ်ကွက်ရှိ အဝေးပြေးလမ်းမပေါ်တွင် ဇန်နဝါရီ ၁၈ ရက်က ကားတစ်စီးဖြင့် ပြွတ်သိပ်လိုက်ပါလာသော တရားမဝင် မြန်မာလုပ်သား ၄၈ ဦးကို ထိ...

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်၊ လတ်ယာရပ်ကွက်ရှိ အဝေးပြေးလမ်းမပေါ်တွင် ဇန်နဝါရီ ၁၈ ရက်က ကားတစ်စီးဖြင့် ပြွတ်သိပ်လိုက်ပါလာသော တရားမဝင် မြန်မာလုပ်သား ၄၈ ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများမှာ နယ်စပ်မှတစ်ဆင့် ဘန်ကောက်သို့ သွားရောက်ရန် ချိန်းဆိုထားသူများဖြစ်ပြီး လက်ရှိတွင် လတ်ယားရဲစခန်း၌ အရေးယူရန် ဆောင်ရွက်လျက်ရှိပါသည်။ ဇန်နဝါရီ ၆ ရက်မှ ၁၈ ရက်အတွင်း နယ်စပ်မှ ခိုးဝင်သည့် မြန်မာနိုင်ငံသား ၂၁၆ ဦးအထိ ဖမ်းဆီးခံခဲ့ရသည့်အပြင်၊ မဲဆောက်မြို့ရှိ ဈေးဆိုင်နှင့် အလှပြင်ဆိုင်များတွင်လည်း အလုပ်လုပ်ကိုင်ခွင့်နှင့် မညီညွတ်သည့် ရွှေ့ပြောင်းလုပ်သားများကို ထိုင်းအာဏာပိုင်များက အရှိန်မြှင့် စစ်ဆေးဖမ်းဆီးလျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

20