မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် (၉၄) ကြိမ်မြောက်အဖြစ် ကျင်းပမည့် နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်လည်ပူဇော်ပွဲကို ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ ၄ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ လှည့်လည်ပူဇော်မည့် အစီအစဉ်အရ ပထမရက်တွင် ကျောက်တန်းရပ်ကွက်မှ ဘိုကုန်းရပ်ကွက်အထိ လည်းကောင်း၊ ဒုတိယရက်တွင် ငန်းတေးရပ်ကွက်မှ ဈေးကြိုအဝိုင်းအထိ လည်းကောင်း၊ တတိယရက်တွင် မျှော်လင့်ရပ်ကွက်မှ ဒေါ်လန်းရပ်ကွက်အထိ လည်းကောင်း အသီးသီး လှည့်လည်အပူဇော်ခံသွားမည်ဖြစ်ပြီး၊ နောက်ဆုံးရက်ဖြစ်သည့် စတုတ္ထရက်တွင် သာသနာ့ဗိမာန်တော်ကြီးမှ ကျိုက်သုတ်ဘုရားအထိ လှည့်လည်ပူဇော်ကာ အခမ်းအနားကို ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
Jan 20 • 2:54 AM
မြန်မာ
မွန်
မျှဝေမည်
| 32 | 0 | 0 | 0 |


