ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ပတ္တရားမြို့ရှိ ဂျွန်ရှန်ကမ်းခြေ တွင် အပန်းဖြေနေသည့် အမျိုးသားတစ်ဦးသည် ဇန်နဝါရီ ၁၉ ရက်က အဆိပ်ရှိသော ငါးခူအစင်းကြား၏ ဆူးဆူးခံရသဖြင့် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရကြောင်း သိရှိရပါသည်။ အဆိုပါအမျိုးသားသည် ဘယ်ဘက်လက်တွင် ငါးဆူးထိုးခံရပြီးနောက် ပြင်းထန်သော နာကျင်မှုနှင့်အတူ ခန္ဓာကိုယ်တစ်ခြမ်း ထုံကျင်ကာ သတိလစ်မေ့မြောနေသည်ကို ကမ်းခြေလမ်းသွယ် (၁) အနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကာ၊ ပတ္တရားမြို့ အာဏာပိုင်များနှင့် ကူညီရေးအသင်းများက ရှေးဦးသူနာပြုစုမှုများ ပြုလုပ်ပေးပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။ ၎င်းအား ထိုးလိုက်သည့် Plotosus lineatus အမျိုးအစား ငါးခူစင်းကြားများသည် ကျောဆူးနှင့် ရင်ဆူးများတွင် ပြင်းထန်သော အဆိပ်ရှိပြီး ဓာတ်မတည့်သူများအတွက် အသက်အန္တရာယ်အထိ စိုးရိမ်ရနိုင်သဖြင့် ကမ်းခြေသို့ လာရောက်လည်ပတ်သူများအနေဖြင့် အထူးဂရုပြုကြရန် သတိပေးထားပါသည်။
Jan 20 • 2:49 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


