တရုတ်နိုင်ငံမြောက်ပိုင်းရှိ စက်ရုံတစ်ရုံတွင် ကြီးမားသောပေါက်ကွဲမှုတစ်ခုကြောင့် လူနှစ်ဦးသေဆုံးပြီး ၈၄ ဦး ဒဏ်ရာရရှိခဲ့ကာ လူ ငါးဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများက ဇန်နဝါရီ ၁၉ ရက်တွင် ဖော်ပြထားသည်။ပေါက်ကွဲမှုသည် ဇန်နဝါရီ ၁၈ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီခန့်တွင် အတွင်းမွန်ဂိုလီးယားရှိ ပေါက်ကန်းသံမဏိစက်ရုံ၌ ဖြစ်ပွားခဲ့ရာထိုဒေသတွင် သိသာထင်ရှားသော တုန်ခါမှုများ ဖြစ်ပေါ်ခဲ့သည်။ အွန်လိုင်း၌မျှဝေထားသောဗီဒီယိုတွင်မူ ပေါက်ကွဲမှုကြောင့် မီးခိုးလုံးကြီးများ ကောင်းကင်သို့ ထိုးတက် သွားသည်ကို ပြသထားပြီး မြေပြင်တွင် ပြိုကျထားသော မျက်နှာကြက်များနှင့် ပိုက်များအပါအဝင် အပျက်အစီးများ ပြန့်ကျဲနေသည်။ဆေးရုံတက်နေရသူ ဒါဇင်ပေါင်းများစွာအနက် ငါးဦးသည် ပြင်းထန်သောဒဏ်ရာများရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။ အာဏာပိုင်များသည် ပေါက်ကွဲမှု၏အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။အဆိုပါစက်ရုံသည် နိုင်ငံပိုင်သံနှင့် သံမဏိလုပ်ငန်းတစ်ခုဖြစ်သည်။တရုတ်နိုင်ငံတွင် စက်ရုံပေါက်ကွဲမှု များနှင့် သတ္တုတွင်းပြိုကျမှုများမှ မြေပြိုမှုများအထိ ပါဝင်သော စက်မှုလုပ်ငန်းမတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။



