ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ပြောင်းရွှေ့လာတဲ့ မက်ဂူဟီက မန်စီးတီးကစားသမားဖြစ်ရတာ အလွန်ဂုဏ်ယူစရာကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။အင်္ဂလန်နောက်ခံလူ ဂူဟီ(၂၅ နှစ်)ဟာ မန်စီးတီးအသင်းထံ ကနဦးပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀+Add-ons ကြေးနဲ့ မန်စီးတီးအသင်းကို ရောက်ရှိလာတာဖြစ်တယ်။၎င်းဟာ မန်စီးတီးအသင်းနဲ့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဆေးစစ်မှု ခံယူခဲ့ပြီး ၂၀၃၁ ခုနှစ်အထိ ငါးနှစ်ခွဲသက်တမ်းရှိ စာချုပ် လက်မှတ်ရေးထိုးခဲ့တာပါ။မန်စီးတီးအသင်းဟာ နောက်ခံလူတွေဖြစ်တဲ့ ဂယ်ဗာဒီယောလ်၊ ဒီယက်စ်နဲ့ စတုန်းစ်တို့ ဒဏ်ရာပြဿနာရှိနေလို့ဂူဟီကို အပူတပြင်း ခေါ်ယူခဲ့ရတာပါ။ဂူဟီနဲ့ မကြာသေးခင်က ခေါ်ယူခဲ့တဲ့ ဆယ်မန်ယိုတို့ဟာချန်ပီယံလိဂ် လက်ကျန်ပွဲတွေမှာတော့ ကစားနိုင်မှာမဟုတ်ပါဘူး။ဂူဟီအနေနဲ့ လာမယ့်စနေနေ့ ဝုလ်ဗ်နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲမှာ အသင်းသစ်အတွက် ပွဲထွက်ကစားဖို့ရှိပါတယ်။
Jan 20 • 2:46 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 20 | 0 | 0 | 0 |


