back

တရုတ် အကြီးတန်းအရာရှိ ၆၉ ဦး အကျင့်ပျက်ခြစားမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရ

Jan 20 • 2:37 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ် အကြီးတန်းအရာရှိ ၆၉ ဦး အကျင့်ပျက်ခြစားမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရ

၂၀၂၅ ခုနှစ်အတွင်း လူပုဂ္ဂိုလ် တစ်သန်းနီးပါးကို အကျင့်ပျက်ခြစားမှုနဲ့အရေးယူခဲ့တယ်လို့ တရုတ် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးအဖွဲ့က ပြောပါတယ်။စည်းကမ်း ထိန်းသိမ်းရ...

၂၀၂၅ ခုနှစ်အတွင်း လူပုဂ္ဂိုလ် တစ်သန်းနီးပါးကို အကျင့်ပျက်ခြစားမှုနဲ့အရေးယူခဲ့တယ်လို့ တရုတ် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးအဖွဲ့က ပြောပါတယ်။စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ဗဟိုကော်မတီ (CCDI) က ထုတ်ပြန်တဲ့ ကြေညာချက်မှာ လူပေါင်း ၉၈၃၀၀ ဦးကို ပြစ်မှု အမျိုးမျိုးအတွက် ပြီးခဲ့တဲ့နှစ်က ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။အဲဒီမတိုင်ခင်နှစ်က အကျင့်ပျက်မှုနဲ့ ပတ်သက်လို့ လူပေါင်း ၈၈၉၀၀၀ ဦးကို အရေးယူခဲ့ကြောင်းနဲ့ ၂၀၂၅ ခုနှစ်အတွင်း အရေးယူခံရသူ ၁၀ ဒသမ ၆ ရာခိုင်နှုန်း ပိုများလာကြောင်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ပြည်နယ်အဆင့်နဲ့ ဝန်ကြီးအဆင့် အကြီးတန်း အရာရှိ စုစုပေါင်း ၁၁၅ ဦးကို စုံစမ်း စစ်ဆေးနေပြီး သူတို့ထဲက ၆၉ ဦးကို ပြစ်ဒဏ်ချမှတ်ထားကြောင်း CCDI က ပြောပါတယ်။အရေးယူခံရသူ နောက်ဆုံး စာရင်းမှာ အစိုးရ အကြီးတန်းအရာရှိတွေ၊ တက္ကသိုလ် အရာရှိဟောင်းတွေ၊ အစိုးရပိုင် အဖွဲ့အစည်းများရဲ့ အကြီးအကဲများ ပါဝင်နေပါတယ်။အကျင့်ပျက် ခြစားမှု နှိမ်နှင်းရာမှာ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေသူတွေ ရာထူးနိမ့်သူတွေလည်း ပါဝင်ကြောင်း တရုတ် အကျင့်ပျက်ခြစားမှု နှိမ်နှင်းရေးအဖွဲ့က ပြောပါတယ်။

news-view-count-icon

6