back

မူဆယ်မြို့တွင် မြန်မာ-တရုတ် နယ်စပ်သွားလာခွင့်လက်မှတ် (BP) စာအုပ်များကို ပိတ်ရက်မရှိ ထုတ်ပေးလျက်ရှိ

Jan 20 • 2:37 AM

breaking-news

မြန်မာ

ရှမ်း

cover

မူဆယ်မြို့တွင် မြန်မာ-တရုတ် နယ်စပ်သွားလာခွင့်လက်မှတ် (BP) စာအုပ်များကို ပိတ်ရက်မရှိ ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် မြန်မာ-တရုတ် နယ်စပ်သွားလာခွင့်လက်မှတ် (Bord...

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် မြန်မာ-တရုတ် နယ်စပ်သွားလာခွင့်လက်မှတ် (Border Pass - BP) စာအုပ်များကို ရုံးပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ BP စာအုပ် လျှောက်ထားလိုသူများသည် မူဆယ်ခရိုင်အတွင်း အိမ်ထောင်စုစာရင်းရှိသူများ ဖြစ်ရမည်ဖြစ်ပြီး ကာယကံရှင်ကိုယ်တိုင် လာရောက်၍ တိုကင်လက်မှတ်ကို ဦးစွာရယူရမည်ဖြစ်သည်။ လျှောက်ထားရာတွင် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း နှင့် UID စမတ်ကတ် မိတ္တူများ ယူဆောင်လာရမည်ဖြစ်ပြီး တိုကင်ပါ ရက်ချိန်းအတိုင်း ကွန်ပျူတာစစ်ဆေးခြင်းနှင့် စာရွက်စာတမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်များ ပြီးဆုံးပါက BP စာအုပ်ကို တခါတည်း ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

10