back

ရှမ်းပြည်နယ်တွင် ဆိုင်ကယ်တစ်စီး တောင်ကြီးမြို့ အထက(၃) လမ်းကြားစျေးတွင် ခေတ္တရပ်ထားစဉ်အခိုးခံရ

Jan 20 • 2:37 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်တွင် ဆိုင်ကယ်တစ်စီး တောင်ကြီးမြို့ အထက(၃) လမ်းကြားစျေးတွင် ခေတ္တရပ်ထားစဉ်အခိုးခံရ

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ တွင်ဇန်နဝါရီလ ၁၉ ရက် မနက်ပိုင်း အချိန်က Honda Wave 100 နံပါတ် MDY - 78 W 95735 အပြာရောင် လိုင်စင်ဘီးစျေး၌ခေတ္တ ရပ်ထားစဥ်...

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ တွင်ဇန်နဝါရီလ ၁၉ ရက် မနက်ပိုင်း အချိန်က Honda Wave 100 နံပါတ် MDY - 78 W 95735 အပြာရောင် လိုင်စင်ဘီးစျေး၌ခေတ္တ ရပ်ထားစဥ် ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။"ဆိုင်ကယ်ပျောက်တာတွေ မကြာခန ဖြစ်နေတာ GPS တပ်ကြဖို့ အကြံပေးချင်တယ်။ ချက်ချင်း လိုက်ရင် ပြန်ရနိုင်ပြီး သူခိုးကိုလည်း မိနိုင်တယ်။ အရင် တစ်နေ့ကလည်း သူခိုး တစ်ယောက် ဖမ်းမိတယ် ကြားတယ်။”ဟု ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောသည်။တောင်ကြီးတွင် ဆိုင်ကယ် ပျောက်ဆုံးမှုများ နေ့စဉ် ဖြစ်ပွားနေပြီး ၊ သူခိုးများ ဖမ်းမိခြင်း မရှိသေးကြောင်း ဒေသခံ များထံမှ သိရသည်။ဇန်နဝါရီလ အစောပိုင်းတွင်လည်း ဆိုင်ကယ်ပျောက်ဆုံးမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ကာ တန်ဖိုးကြီး ဆိုင်ကယ် များကိုသာ ရွေးချယ် ခိုးယူခံရခြင်း ဖြစ်ကြောင်း ပိုင်ရှင် ဖြစ်သူ တို့က ဆိုသည်။

news-view-count-icon

26