ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် (ဇန်နဝါရီ ၁၉ ရက်) နံနက်ပိုင်းက သဲဖြူဆရာတော်ကြီး ဦးဆောင်၍ မြို့ပေါ်ရှိ သံဃာတော်များ၊ ကျောင်းသားများနှင့် ယာယီနေရပ်စွန့်ခွာနေရသူများအား စုပေါင်းလှူဒါန်းပွဲတစ်ရပ် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သံဃာတော်များအား သင်္ကန်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်ခြင်း၊ ကျောင်းသား/သူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခြင်း၊ နေရပ်စွန့်ခွာသူများအား ဆန်၊ ပဲနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် စစ်တွေ (၅၀၀) ဆံ့ ဆေးရုံကြီးသို့ သွားရောက်၍ လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
သဲဖြူဆရာတော်ကြီးမှ စစ်တွေမြို့ရှိ သံဃာတော်များ၊ ကျောင်းသားများနှင့် နေရပ်စွန့်ခွာသူများအား လှူဒါန်းမှုများပြုလုပ်
Jan 20 • 2:36 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


