back

နမ့်စန်မြို့တွင် လိုင်စင်မဲ့ယာဉ်များကို စီမံကိန်းဖြင့် ဖမ်းဆီးစစ်ဆေးနေ

Jan 20 • 2:36 AM

breaking-news

မြန်မာ

ရှမ်း

cover

နမ့်စန်မြို့တွင် လိုင်စင်မဲ့ယာဉ်များကို စီမံကိန်းဖြင့် ဖမ်းဆီးစစ်ဆေးနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့တွင် လိုင်စင်မဲ့ယာဉ်များကို သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့များသည် မနေ့ ဇန်နဝါရီလ ၁၈ရက် နေ့မှစ၍ လိုင်စင်မဲ့ ကားများကို အဓိကထာ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့တွင် လိုင်စင်မဲ့ယာဉ်များကို သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့များသည် မနေ့ ဇန်နဝါရီလ ၁၈ရက် နေ့မှစ၍ လိုင်စင်မဲ့ ကားများကို အဓိကထား ဖမ်းဆီးစစ်ဆေးမှုပြုလုပ်သည်။နမ့်စန်မြို့တွင် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးအရေးယူမည့် စီမံကိန်းအား လာမည့် ၂၁ ရက်နေ့အထိဆောင်ရွက်မည်ဆိုသည့် သတင်းများ ထွက်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။ထို့အပြင် နမ့်စန်မြို့တွင် လက်ရှိ ဆောင်ရွက်နေသော လိုင်စင်မဲ့ယာဉ်စစ်ဆေးမှုများအတွင်း ဖမ်းဆီးရမိသည့် ယာဉ်များကို ဆက်လက်ထိန်းသိမ်းထားပြီး၊ ဖမ်းဆီးခံရသည့် ယာဉ်ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာနေရာများသို့ သွားရောက်ထုတ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ယာဉ်ကို ပြန်လည်ထုတ်ယူခွင့် မရရှိကြောင်း သိရသည်။

news-view-count-icon

16