ကယား(ကရင်နီ)ပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုမှ ထွက်ပြေးသွားသည့် အကျဉ်းသားတစ်ဦး ထိုင်နိုင်ငံတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။မယ်စဲ့မြို့နယ်ရှိ အကျဥ်းထောင် အမှတ် ၂ မှထောင်ဖောက် ထွက်ပြေးသွားသည့် အကျဥ်းသား ၈၀ ကျော်တွင် တစ်ဦးကို ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ့ ၅ နာရီ ၁၅ မိနစ်အချိန်တွင် ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်ခရိုင်၊ ခွန်ယွမ်မြို့နယ်တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ဖမ်းဆီးခံရသူသည် ပိုင်စိုးသူဖြစ်ပြီး ၎င်းကို နိုင်ငံတကာဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ဒေသခံထိုင်းစစ်တပ်ထံသို့ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
Jan 20 • 2:35 AM
မြန်မာ
ကယား
မျှဝေမည်
| 22 | 0 | 0 | 0 |


