back

မုံရွာမြို့၌ နေအိမ်မီးလောင်မှုဖြစ်ပွါးခဲ့ပြီး အချိန်တစ်နာရီခန့်ကြာ ငြိမ်းသတ်ခဲ့ရ

Jan 20 • 2:35 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

မုံရွာမြို့၌ နေအိမ်မီးလောင်မှုဖြစ်ပွါးခဲ့ပြီး အချိန်တစ်နာရီခန့်ကြာ ငြိမ်းသတ်ခဲ့ရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ နေအိမ်တစ်လုံးတွင် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ နေအိမ်တစ်လုံးတွင် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များက တစ်နာရီနီးပါးကြာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရှိရပါသည်။ အဆိုပါမီးလောင်မှုနေရာသို့ စစ်ကိုင်းတိုင်းမီးသတ်ရုံး၊ ခရိုင်နှင့် မြို့နယ်မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များအပြင် အရန်မီးသတ်စခန်းများမှလည်း ပူးပေါင်းငြှိမ်းသတ်ခဲ့သဖြင့် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် မီးလောင်ရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးပမာဏကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရပါသည်။

news-view-count-icon

18