ထိုင်းနိုင်ငံ အမျိုးသား ရုပ်သံနဲ့ ဆက်သွယ်ရေး ကော်မရှင် (NBTC) က Passport မရှိတဲ့ နိုင်ငံခြားသားတွေ မိုဘိုင်း SIM Card မှတ်ပုံတင်တဲ့အခါ အသုံးပြုနိုင်မယ့် နောက်ထပ် သက်သေခံ အထောက်အထားတွေကို အတည်ပြုပေးလိုက်ပါတယ်။ဒီလိုလုပ်ဆောင်တာက ထိုင်းနိုင်ငံသား မဟုတ်တဲ့သူတွေနဲ့ နိုင်ငံသား မှတ်ပုံတင်စာရင်း မရှိတဲ့သူတွေအတွက် ပိုပြီးအဆင်ပြေစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ NBTC ဒုတိယ အထွေထွေအတွင်းရေးမှူး Trairat Viriyasirikul က ပြောပါတယ်။ အရင်တုန်းကတော့ နိုင်ငံခြားသားတွေ SIM Card မှတ်ပုံတင်မယ်ဆိုရင် Passport က အဓိက လိုအပ်ချက် ဖြစ်ခဲ့တာပါ။လမ်းညွှန်ချက် အသစ်အရ အခု အတည်ပြုလိုက်တဲ့ စာရွက်စာတမ်းတွေထဲမှာ ကမ္ဘောဒီးယား အလုပ်သမားတွေအတွက် ကမ္ဘောဒီးယား အစိုးရက ထုတ်ပေးထားတဲ့ ခရီးသွားလာခွင့် စာရွက်စာတမ်းတွေနဲ့ မြန်မာလုပ်သားတွေအတွက် မြန်မာအစိုးရက ထုတ်ပေးထားတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) တွေ ပါဝင်လာပါတယ်။
Jan 20 • 2:38 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 35 | 0 | 0 | 0 |


