back

ချင်းမိုင်မြို့တွင် ကျင်းပသည့် ရိုးရာထီးပွဲတော် ကို မြန်မာကောင်စီဝန်ချုပ် တက်ရောက်

Jan 20 • 2:34 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ချင်းမိုင်မြို့တွင် ကျင်းပသည့် ရိုးရာထီးပွဲတော် ကို မြန်မာကောင်စီဝန်ချုပ် တက်ရောက်

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဆန်ကဖန်မြို့နယ်၌ ဇန်နဝါရီလ ၁၇ ရက်နေ့က ကျင်းပပြုလုပ်သည့် (၄၁) ကြိမ်မြောက် ဘော်ဆန်းရိုးရာထီးပွဲတော်နှင့် ဆန်ကဖန်လက်မှုအနုပညာပြပွဲ...

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဆန်ကဖန်မြို့နယ်၌ ဇန်နဝါရီလ ၁၇ ရက်နေ့က ကျင်းပပြုလုပ်သည့် (၄၁) ကြိမ်မြောက် ဘော်ဆန်းရိုးရာထီးပွဲတော်နှင့် ဆန်ကဖန်လက်မှုအနုပညာပြပွဲ (Bo Sang Umbrella & San Kamphaeng Handicrafts Festival) ဖွင့်ပွဲအခမ်းအနားသို့ ချင်းမိုင်မြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်ခဲ့ပြီး အဆိုပါပွဲတော်၏ လှည့်လည်ဖျော်ဖြေပွဲတွင် မြန်မာ့ရိုးရာပုသိမ်ထီးအလှနှင့်အတူ မြန်မာ့ယဉ်ကျေးမှုအကပဒေသာများဖြင့် ပါဝင်တင်ဆက်ခဲ့ကြောင်း သိရှိရပါသည်။ ဘော်ဆန်းထီးယဉ်ကျေးမှုသည် လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာက ထိုင်းဘုန်းတော်ကြီးတစ်ပါး မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ပုသိမ်ထီးပြုလုပ်သည့်ပညာရပ်ကို ထိုင်းနိုင်ငံမြောက်ပိုင်းသို့ ယူဆောင်လာရာမှ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်၍ နှစ်နိုင်ငံအကြား သမိုင်းဝင်ယဉ်ကျေးမှု ဆက်နွှယ်မှုရှိနေပြီး ယခုနှစ်ပွဲတော်တွင် မြန်မာနိုင်ငံအပြင် တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ကောင်စစ်ဝန်ရုံးများနှင့် ယဉ်ကျေးမှုအဖွဲ့များလည်း ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

news-view-count-icon

17