မလေးရှားနိုင်ငံရောက် ချင်းဒုက္ခသည်များ သြစတြေးလျနိုင်ငံကို အခြေချနေထိုင်နိုင်ရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မလေးရှားရောက် ချင်းဒုက္ခသည်အဖွဲ့အစည်းများဖြစ်တဲ့ Alliance Of Chin Refugees ( ACR ) , Chin Refugees Committee (CRC) နှင့် Falam Refugee Organization (FRO) အဖွဲ့စည်းများပူးပေါင်းပြီး သြစတြေးလျနိုင်ငံအထက်လွှတ်တော်အမတ် Senator Dean Smith နဲ့ အထူးအစည်းအဝေး ပြုလုပ်ခဲ့တယ်လို့ ACR က ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။အစည်းအဝေးကို ဇန်နဝါရီလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကျင်းပခဲ့ပြီး သြစတြေလျားချင်းအဖွဲ့အစည်းမှ ပုဂ္ဂိုလ်တစ်ချို့နဲ့ အခြားတိုင်းရင်းသား မိတ်ဆွေတွေလည်း တက်ရောက်ခဲ့ကြတယ်လို့ ACR ထုတ်ပြန်ချက်အရ သိရပါတယ်။မလေးရှားရောက်ချင်းဒုက္ခသည်တွေ ဩစတေးလျနိုင်ငံသို့ အခြေချနေထိုင်နိုင်ရေးကိစရပ်တွေနဲ့ မိသားစုခေါ်စာများအပါအဝင် ဗီဇာလျှောက်ထားရာမှာ စောင့်ဆိုင်းမှု ကြန့်ကြာလွန်းတဲ့ ကိစ္စတွေကို ဦးစားပေးဆွေးနွေးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
မလေးရှားရောက် ချင်းဒုက္ခသည်များ သြစတြေးလျနိုင်ငံကို အခြေချနေထိုင်နိုင်ရေး ဩစတေးလျနဲ့ချင်းဒုက္ခသည်အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးခဲ့
Jan 20 • 2:34 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


