back

သံတွဲက ပင်လယ်ပြင်မှာ ငါးဖမ်းစက်လှေ လေးစီးထက်မနည်း ဖမ်းဆီးခံရ

Jan 20 • 2:32 AM

breaking-news

မြန်မာ

ရခိုင်

cover

သံတွဲက ပင်လယ်ပြင်မှာ ငါးဖမ်းစက်လှေ လေးစီးထက်မနည်း ဖမ်းဆီးခံရ

ရခိုင်ပြည်၊ သံတွဲမြို့နယ်မှာရှိတဲ့ ပင်လယ်ပြင်မှာ ငါးဖမ်းထွက်နေတဲ့ ငါးဖမ်းစက်လှေလေးစီးထက်မနည်းဟာ နေဗီဆီ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။သံတွဲခရိုင်၊ ငပလီမြို့၊ ဂ...

ရခိုင်ပြည်၊ သံတွဲမြို့နယ်မှာရှိတဲ့ ပင်လယ်ပြင်မှာ ငါးဖမ်းထွက်နေတဲ့ ငါးဖမ်းစက်လှေလေးစီးထက်မနည်းဟာ နေဗီဆီ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။သံတွဲခရိုင်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်ကနေ ငါးဖမ်းထွက်ပြီး ပိုက်ချနေတဲ့စက်လှေတွေကို မနေ့က ဇန်နဝါရီ ၁၈ ရက်နေ့၊ မနက်ပိုင်းက သံတွဲပင်လယ်ပြင်မှာ ကင်းလှည့်နေတဲ့ နေဗီများက ဖမ်းဆီးသွားတာလို့ ငပလီဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။မနေ့ကဆိုရင် မနက်စောစော မြူနှင်းကျတဲ့အချိန် ငါးဖမ်းစက်လှေတွေက ငါးဖမ်းနေကြတာကို နေဗီက သေနတ်နဲ့ပစ်လို့ စက်လှေတွေနဲ့ ငါးဖမ်းပိုက်‌တွေကို ဒီအတိုင်းထားခဲ့ရတယ်။ လေးစီး၊ ငါးစီးလောက် ကျန်ခဲ့တယ်"လို့ ပြောပါတယ်။

news-view-count-icon

9