၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ Mothership သတင်းဌာနမှ ဖော်ပြချက်အရ စင်ကာပူနိုင်ငံ၊ Kallang Riverside Park တွင် ဖြစ်ပွားခဲ့သော စက်ဆုပ်ဖွယ်ရာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတစ်ခုအတွက် အသက် ၃၇ နှစ်အရွယ် စင်ကာပူအမျိုးသား Choy Zisheng (ခေါ်) Cai Zisheng ကို တရားရုံးက ထောင်ဒဏ် ၇ နှစ်နှင့် ကြိမ်ဒဏ် ၄ ချက် ချမှတ်လိုက်ပါတယ်။နစ်နာသူအမျိုးသမီးငယ်ဟာ ချက်ချင်းပဲ သူငယ်ချင်းဖြစ်သူကို အကူအညီတောင်းပြီး အဲ့ဒီညမှာတင် Rochor Neighbourhood Police Centre သို့ သွားရောက်တိုင်ကြားခဲ့ပါတယ်။တရားခံ Choy ဟာ အမှုကနေ လွတ်မြောက်ဖို့အတွက် နစ်နာသူနဲ့ ပြောဆိုထားတဲ့ Instagram နဲ့ Facebook မက်ဆေ့ခ်ျတွေကို ဖျက်ဆီးပြီး ဇန်နဝါရီလ ၁၆ ရက် မနက်အစောပိုင်းမှာပဲ သူ့ရဲ့ရည်းစားဖြစ်သူ အကူအညီနဲ့ မလေးရှားနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။ ဒါပေမဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ စင်ကာပူသို့ ပြန်လည်ဝင်ရောက်လာစဉ် အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ တရားရုံးမှာ တရားခံရှေ့နေက သူဟာ စိတ်ဖိစီးမှုတွေ ကြုံတွေ့နေရချိန်မို့လို့ ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ လျှောက်လဲခဲ့ပေမဲ့ တရားသူကြီးကတော့ ကျူးလွန်တဲ့လုပ်ရပ်ဟာ ပြင်းထန်လွန်းတာကြောင့် အခုလို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်ကို အတည်ပြု ချမှတ်လိုက်တာပဲ ဖြစ်ပါတယ်။
စင်ကာပူ Kallang Riverside Park အများသုံးအိမ်သာအတွင်း အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သူအား ထောင်ဒဏ် နှင့် ကြိမ်ဒဏ် ချမှတ်
Jan 20 • 2:31 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


