မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ ရေတော်ဆရာတော် ဘဒ္ဒန္တဥက္ကဋ္ဌ၏ သက်တော်’’၇၇’’နှစ်ပြည့်ဝိဇာတမင်္ဂလာကို လာမည့် ဇန်နဝါရီ၂၅ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ဆရာတော် သီတင်းသုံးတော်မူရာ ချမ်းမြသာစည်မြို့နယ်၊ ဘုရားကြီးအရှေ့ခ်အနီးရှိ တောင်ပြင်ထီးလင်းတိုက်၊ သဲကုန်းကျောင်း၌ နံနက်၉နာရီမှ မွန်းတည့်၁၂နာရီအထိ ပြုလုပ်မည်ဖြစ်ပြီး မွေးနေ့ဒါနအဖြစ် လာရောက်ကြသည့် အနယ်နယ်အရပ်ရပ်မှ ဒါယကာ၊ ဒါယိကာမများကို ကျွေးမွေးဧည့်ခံကုသိုလ်ပြုမည်ဖြစ်သည်။ဆရာတော်သည် သက်တော်(၇၇)နှစ်အရွယ်သို့ ရောက်ရှိပြီဖြစ်သည့်တိုင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးထံ ရာသီဥတုသုံးပါးမရွေး နေ့စဉ် နံနက်အာရုဏ်မတက်မီ ကြွရောက်တော်မူကာ ဗုဒ္ဓဝေယျာဝစ္စအဖွဲ့နှင့်အတူ မျက်နှာသစ်တော်ရေ ဆက်ကပ်ခြင်း၊ ဘုရားဖူးများလှူဒါန်းထားသည့် ပန်း၊ရေချမ်း၊ ဆွမ်းတို့ကို ကပ်လှူခြင်းတို့ကို ဆောင်ရွက်တော်မူသည်။
မန္တလေးမြို့၊ဘုရားကြီးရေတော်ဆရာတော် သက်တော်(၇၇)နှစ်ပြည့် ဝိဇာတမင်္ဂလာ ဇန်နဝါရီ ၂၅ရက်တွင် ကျင်းပပြုလုပ်မည်
Jan 20 • 2:29 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 21 | 0 | 0 | 0 |


