သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ်(ဘားအံ) ဘွဲ့နှင်းသဘင်ခန်းမ၌ (၁၅)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီက ဘွဲ့နှင်း သဘင်ခန်းမ၌ကျင်းပသည်။ထို့နောက် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)ပါမောက္ခချုပ်ဒေါက်တာခင်မာလာထွန်းနှင့်အဖွဲ့ဝင်များက ကွန်ပျူတာသိပ္ပံဘွဲ့ Bachelor of Computer Science (B.C.Sc.) (၂၂)ဦး၊ ကွန်ပျူတာနည်းပညာဘွဲ့ Bachelor of Computer Technology (B.C.Tech.) သုံးဦးတို့အား ဘွဲ့လက်မှတ်များအပ်နှင်းပေးအပ်ပြီး အဝေးရောက်ဘွဲ့ယူသူ ကွန်ပျူတာသိပ္ပံဘွဲ့ Bachelor of Computer Science (B.C.Sc.)မှ နှစ်ဦးတို့အား ဘွဲ့အပ်နှင်းပေးအပ်ကာ ဘွဲ့ရမှတ်ပုံတင်စာအုပ်တွင် ဘွဲ့ရရှိသူစာရင်းကို အတည်ပြုလက်မှတ် ရေးထိုး၍ ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားသည်။ ယနေ့ဘွဲ့နှင်းသဘင်အခမ်းအနားတွင် အဝေးရောက်ဘွဲ့ယူသူ(၂)ဦးအပါအဝင် စုစုပေါင်း(၂၇)ဦးအား သက်ဆိုင်ရာဘွဲ့များ အပ်နှင်းခဲ့သည်။


