menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ပြည်တွင်း၌ လာနီညာဖြစ်စဉ်ရဲ့ ကြွင်းကျန်သောသက်ရောက်မှုကြောင့် မိုးဦးကျစောနိုင်

Jan 20 • 2:24 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-newsbreaking-news

မျှဝေမည်

share-news
cover

ပြည်တွင်း၌ လာနီညာဖြစ်စဉ်ရဲ့ ကြွင်းကျန်သောသက်ရောက်မှုကြောင့် မိုးဦးကျစောနိုင်

ပြည်တွင်း၌လာနီညာဖြစ်စဉ် ရဲ့ ကြွင်းကျန်သောသက်ရောက်မှုကြောင့် မိုးဦးကျတာစောနိုင်မယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့သုံးသပ်ပြောကြားထားတာတွေအရသိရပါတယ်။ လာနီညာဖြစ်...

cover-photo

ပြည်တွင်း၌လာနီညာဖြစ်စဉ် ရဲ့ ကြွင်းကျန်သောသက်ရောက်မှုကြောင့် မိုးဦးကျတာစောနိုင်မယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့သုံးသပ်ပြောကြားထားတာတွေအရသိရပါတယ်။ လာနီညာဖြစ်စဉ် ရဲ့ ကြွင်းကျန်သောသက်ရောက်မှုကြောင့် မိုးကြိုနဲ့ မိုးဦးကာလများအတွင်း မေ နဲ့ ဇွန် တွေမှာ မိုးဦးကျတာစောနိုင်ပါတယ်။ မိုးလယ်ကာလအတွင်း ENSO Neutral ရာသီဥတုအခြေအနေကြောင့် မိုးရာသီအတွင်း ပုံမှန်မိုးရွာသွန်းတာ သာဖြစ်နိုင်ပါတယ်လို့ " ဦးဝင်းနိုင်ကဆိုပါတယ်။ENSO-neutral ကို ကူးပြောင်းနေချိန်ကာလဖြစ်လို့ အပူပိုင်း convection trigger တွေ (MJO active phase) ဝင်လာရင် မိုးစတင်ချိန် မြန်နိုင် ၊ မိုးကြိုစောမယ့် အခြေအနေဖြစ်နိုင်ပြီး ၊ IOD neutral ဖြစ်နေမယ်ဆိုတာကြောင့် onset ကို ထိခိုက်စေတဲ့ “IOD push” မရှိနိုင်ဘူးလို့သိရပါတယ်။မြန်မာနိုင်ငံမြောက်ဘက်နဲ့ အနောက်ဘက်၊ အရှေ့ဘက်တောင်တန်း ၊ တောင်ထူထပ်သောဒေသ တွေမှာ မိုးဦးကျစောနိုင်မယ်လို့သိရပါတယ်။အလယ်ပိုင်း/အပူပိုင်းခြောက်ဒေသ တွေ မှာတော့ မိုးကြိုမယ့် အရိပ်အယောင်ပြလာရင် သီးနှံစိုက်ပျိုးရေးအတွက်အကျိုးရှိနိုင်တယ်လို့သိရပါတယ်။မိုးပြတ်/မိုးအားလျော့ တာ တွေ ရှိနိုင်လို့ မုတ်သုံဝင်ရောက်ချိန်နဲ့ မုန်တိုင်း တွေ ဖြစ်ပေါ်နိုင်ချေကို အထူးသတိပြုပြီး စောင့်ကြည့်ရန်လိုပါမယ်လို့ဆိုပါတယ်။အပူပိုင်းမိုးနည်းရေရှားဒေသ တွေ မှာ ခြောက်သွေတာနဲ့ အပူဒဏ်ကြောင့် ဖြစ်ပေါ်တဲ့ အန္တရာယ်ကို ဇူလိုင် က နေ ဩဂုတ် (မုတ်သုံပြတ်တောက်ချိန် တွေ အတွင်း) သတိထားဖို့လိုပါမယ်ပြောထားပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသ တွေ နဲ့ ကမ်းရိုးတန်းဒေသ တွေ မှာ မုတ်သုံအားအကောင်းဆုံးဖြစ်တဲ့ ကာလ တွေ နဲ့ ဒီရေတက်ချိန်တိုက်ဆိုင်တဲ့ ကာလ တွေ အတွင်း ရေကြီး/ရေလျှံတာ ၊ လူနေရပ်ကွက်-လယ်ကွင်း တွေ မှာ ရေလွှမ်းတာ တွေ ဖြစ်ပေါ်နိုင်ပါတယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပြောကြားထား တာ တွေအရ သိရှိရပါတယ်။



news-view-count-icon

33

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၂.၀ ဗာရှင်းကို အတူတကွဖန်တီးရန် တရုတ်သံအမတ်ကြီး တိုက်တွန်း

မကွေးတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခဲ့

cover-photo
right-arrow-icon