မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ "၂.၀ ဗာရှင်း" (Version 2.0) ကို အတူတကွဖန်တီးရန် ဆန္ဒရှိကြောင်း ဇန်နဝါရီ ၁၉ ရက်က ကျင်းပသည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (SME) များ ဆိုင်ရာ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ အဆိုပါ "၂.၀ ဗာရှင်း" တွင် အစိမ်းရောင်ဆန်းသစ်တီထွင်မှု၊ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုတို့ကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး၊ လက်ရှိတွင်လည်း လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် ဒေသတွင်းရှိ SME လုပ်ငန်း ၈၀ နီးပါးကို သုတေသနပြုကာ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု (Green Development) အတွက် မူဝါဒအကြံပြုချက်များ ဖော်ဆောင်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
Jan 20 • 2:14 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


