ဂျပန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်သူ ဆနားအဲ တာကာအိချီ သည် သူမအပေါ် လူထုထောက်ခံမှု မြင့်မားနေခြင်းကို အခွင့်ကောင်းယူ၍ လာမည့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ကြေညာလိုက်သည်။ အဆိုပါအစီအစဉ်အရ ဂျပန်ပါလီမန်၏ အောက်လွှတ်တော်ကို ဇန်နဝါရီလ ၂၃ ရက်တွင် ဖျက်သိမ်းမည်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲများတွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ၏ ရလဒ်ဆိုးများကို ကုစားရန်နှင့် သူမ၏ ခေါင်းဆောင်မှုအပေါ် ပြည်သူ့ဆန္ဒခံယူရန်အတွက် ယခုကဲ့သို့ ရွေးကောက်ပွဲကို စောစီးစွာကျင်းပရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။
Jan 20 • 2:11 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


