back

နေပြည်တော် ၊ရန်ကုန် ၊ဧရာဝတီတို့တွင် နှစ်ရက်ဆက်တိုက် ငလျင်(၃)ကြိမ်လှုပ်ခတ်ခဲ့

Jan 20 • 1:46 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

နေပြည်တော် ၊ရန်ကုန် ၊ဧရာဝတီတို့တွင် နှစ်ရက်ဆက်တိုက် ငလျင်(၃)ကြိမ်လှုပ်ခတ်ခဲ့

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် နေပြည်တော်တို့တွင် ယနေ့ ဇန်နဝါရီ ၂၀ ရက်နှင့် ယမန်နေ့ ဇန်နဝါရီ ၁၉ ရက်တို့က နှစ်ရက်ဆက်တိုက် ငလျင်လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်...

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် နေပြည်တော်တို့တွင် ယနေ့ ဇန်နဝါရီ ၂၀ ရက်နှင့် ယမန်နေ့ ဇန်နဝါရီ ၁၉ ရက်တို့က နှစ်ရက်ဆက်တိုက် ငလျင်လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ယနေ့ ဇန်နဝါရီ ၂၀ ရက်နံနက် ၁ နာရီ ၂၆ မိနစ် ၃၁ စက္ကန့်က ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၏ အရှေ့မြောက်ဘက်(၁၁)မိုင်ခန့်အကွာ၊ အနက်(၁၀)ကီလိုမီတာကို ဗ ဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသလို ဇန်နဝါရီ ၁၉ ရက်ည ၁၀ နာရီ ၁၃ မိနစ် ၅၇ စက္ကန့်ကလည်း ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့၏ အနောက် တောင်ဘက်(၁၈)မိုင်ခန့်အကွာ၊ အနက်(၁၀)ကီလိုမီ တာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၏ အရှေ့ မြောက်ဘက်(၃)မိုင်ခန့်အကွာ၊ အနက်(၁၁)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃ ဒသမ ၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ဇန်နဝါရီ ၁၉ ရက် ည ၈ နာရီ ၅၄ မိနစ် ၃၃ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ငလျင်လှုပ်ခတ်မှုကို ဒေသခံပြည်သူများအ‌ေနဖြင့် သိသိသာသာခံစားရသည်။

news-view-count-icon

25