back

မြန်မာနှင့် ရုရှားနိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက် ဇန်နဝါရီ ၂၇ ရက်တွင် စတင်မည်

Jan 20 • 1:49 AM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာနှင့် ရုရှားနိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက် ဇန်နဝါရီ ၂၇ ရက်တွင် စတင်မည်

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ချုပ်ဆိုထားသော ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်သည် လာမည့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စတင်အကျိုးသက်ရောက်တော့မည်ဖြစ်သည်။ အဆို...

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ချုပ်ဆိုထားသော ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်သည် လာမည့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စတင်အကျိုးသက်ရောက်တော့မည်ဖြစ်သည်။ အဆိုပါ သဘောတူညီချက်အရ နှစ်နိုင်ငံနိုင်ငံသားများသည် အလုပ်လုပ်ကိုင်ခြင်း၊ ပညာသင်ကြားခြင်းနှင့် အမြဲတမ်းနေထိုင်ခြင်းမှလွဲ၍ ကျန်ကိစ္စရပ်များအတွက် တစ်ကြိမ်လျှင် ရက်ပေါင်း ၃၀ အထိ ဗီဇာမလိုဘဲ လာရောက်နေထိုင်ခွင့် ရရှိမည်ဖြစ်သည်။ သို့သော် တစ်နှစ်အတွင်း စုစုပေါင်း နေထိုင်ခွင့်ကာလမှာ ရက်ပေါင်း ၉၀ ထက် မပိုစေရဟု သတ်မှတ်ထားသည်။ ဤအစီအစဉ်သည် နှစ်နိုင်ငံခရီးသွားလာမှုနှင့် ဆက်ဆံရေးကို ပိုမိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

47